邹立莹

တရုတ်ပြည်သူများက တရုတ်ကွန်မြူနစ်ပါတီကို ဘာဖြစ်လို့ ထောက်ခံကြသလဲ

(GMT+08:00)2021-02-26 13:50:19  

မကြာခင်က အမေရိကန် The Christian Science Monitor သတင်းစာ ဝက်ဘဆိုက်မှာ ဆောင်းပါးတစ်ပုဒ် ရေးသားထုတ်ပြန်ပြီး တရုတ်ပြည်သူများက သမိုင်း သက်တမ်း နှစ် ၁၀၀ ရှိပြီဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီကို ထောက်ခံကြတဲ့ အကြောင်းရင်းကို သုံးသပ်ထားပါတယ်။

ဆောင်းပါးရဲ့ ခေါင်းစဉ်က “တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့တာ နှစ် ၁၀၀ ပြည့်မြောက်ပြီ။ ပြည်ပမှာ ပုတ်ခတ်ပြောဆိုမှု ခံရတယ်၊ ပြည်တွင်းမှာတော့ ကြိုဆိုမှုများ ရရှိတယ်” ဆိုတာ ဖြစ်ပြီး တရုတ်ပြည်သူလူထုများက ဘာဖြစ်လို့ တရုတ်အစိုးရအပေါ် ကျေနပ်မှုနှုန်း နှစ်စဉ်နှစ်တိုင်း ၉၀ ရာခိုင်နှုန်းကျော် ရှိသလဲဆိုတာကို စုံလင်စွာ သုံးသပ် ထားပါတယ်။

ဆောင်းပါးထဲမှာ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းက ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင် ဖြစ်ပွါးခဲ့ချိန်မှာ တရုတ်ကွန်မြူနစ်ပါတီဟာ မကြုံစဖူးသော စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီး ပြည်ပမှာ တရုတ်ပြည်အား ဆန့်ကျင်ရေးအရှိန်လည်း လိုက်ပြီးတော့ တိုးလာခဲ့တယ်။ အနောက်နိုင်ငံများရဲ့ တရုတ်အစိုးရအပေါ် သဘောထားဟာ အနှုတ်လက္ခဏာ ဖြစ်တဲ့ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပေမယ့် တရုတ်အစိုးရရဲ့ အားကောင်းတဲ့ ဆောင်ရွက်မှု များကြောင့် ပြည်တွင်းပြည်သူများက တရုတ်ကွန်မြူနစ်ပါတီအား ထောက်ခံမှု တိုးလာ ခဲ့ပါတယ်။ တစ်နှစ်ပြီးနောက် ယနေ့မှာ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့တဲ့ နှစ် ၁၀၀ ပြည့်တော့မယ့် အခါသမယမှာ တရုတ်အစိုးရဟာ ပြောင်းလဲမှုများကို ဖေါ်ဆောင် နိုင်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ အဓိက စီးပွါးရေး အုပ်စုများထဲမှာ တစ်ခုတည်းသော စီးပွါးရေး တိုးတက်လာတဲ့ နိုင်ငံ ဖြစ်လာခဲ့တယ်။ ပြည်ပနိုင်ငံများမှာ ကူးစက်ရောဂါ ထိန်းချုပ်မှု အားနည်းနေခဲ့ချိန်မှာ တရုတ်နိုင်ငံကတော့ ကူးစက်ရောဂါကို ထိရောက် အားကောင်းစွာ ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီဟာ အတိုင်းအတာကြီးမားတဲ့ ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်း အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လက်တွေ့ကျတဲ့ ရည်မှန်းချက်များကို အဆက်မပြတ် ဖေါ်ဆောင်နိုင်ခဲ့တယ်။ အဲဒါတွေဟာ ပြည်တွင်းမှာ ပြည်သူများရဲ့ ထောက်ခံမှုနှုန်းကို အဆက်မပြတ် တိုးလာစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်တယ်လို့ ရေးသားဖေါ်ပြထားပါတယ်။

ဆောင်းပါးထဲမှာ နှစ်ပေါင်းများစွာအတွင်း Harvard တက္ကသိုလ် Kennedy ကောလိပ် အားရှ် ဒီမိုကရေစီ စီမံအုပ်ချုပ်ရေးနဲ့ ဆန်းသစ်တီထွင်ရေးစင်တာ တရုတ်ပြည်ရေးရာ တာဝန်ခံ အယ်ဒဝါ ကယ်နီအန်က စစ်တမ်းကောက်ယူမှု တစ်ရပ်ကို သီးသန့်သတ်သတ် ဦးစီး ပြုလုပ်ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တရုတ်မြို့ပြနေသူနဲ့ ကျေးလက် နေသူ ၃၁၀၀၀ ကို မျက်နှာချင်းဆိုင် စစ်တမ်းကောက်ယူမှု ပြုလုပ်ခဲ့ရာ ၂၀၁၆ ခုနှစ်က လူ ၉၃ ရာခိုင်နှုန်းက အစိုးရအပေါ် ကျေနပ်ကြောင်း ဖေါ်ပြပြီး ၃၂ ရာခိုင်နှုန်းက လွန်စွာ ကျေနပ်ကြောင်း ဖေါ်ပြတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် တရုတ်အစိုးရရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်မှု ထိထိ ရောက်ရောက် လုပ်ဆောင်ခြင်းဟာလည်း ထောက်ခံမှု ရရှိနိုင်တဲ့ အဓိက အကြောင်းရင်း တစ်ခု ဖြစ်တယ်လို့ ဆောင်းပါးထဲမှာ ရေးသားဖေါ်ပြထားပါတယ်။