邹立莹

တရုတ် Sinovac ကုမ္ပဏီမှ Covid-19ကာကွယ်ဆေး အီကွေဒေါ နိုင်ငံ ဝယ်ယူ

(GMT+08:00)2021-02-26 15:09:30  

အီကွေဒေါနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Cevallos က အီကွေဒေါအစိုးရနှင့် တရုတ် Sinovac ကုမ္ပဏီတို့သည် Covid-19ကာကွယ်ဆေး ဝယ်ယူရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီဖြစ်ကြောင်း၊ ၄င်းမှာ အီကွေဒေါနိုင်ငံအတွက် သတင်းကောင်းဖြစ်ပြီး အီကွေဒေါနိုင်ငံတွင် Covid-19ကာကွယ်ဆေး အလျင်အမြန် ထိုးပေးခြင်းအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ယခုလ ၂၅ ရက်နေ့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

အီကွေဒေါနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး ချင်ဖုန်း က Sinovac ကုမ္ပဏီသည် အီကွေဒေါနိုင်ငံနှင့် Covid-19ကာကွယ်ဆေး ရောင်းချရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည့် ပထမဆုံးသော တရုတ်ကုမ္ပဏီဖြစ်ကြောင်း၊ Sinovac ကုမ္ပဏီမှ Covid-19ကာကွယ်ဆေးသည် အီကွေဒေါနိုင်ငံCovid-19 ကာကွယ်ဆေး ချို့တဲ့နေသည့်ပြဿနာကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း၊ အီကွေဒေါ နိုင်ငံ၏ Covid-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။