邹立莹

တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနယ်ပယ်တွင် သမိုင်းဝင်အောင်မြင်မှုရရှိခဲ့ ကြောင်း နိုင်ငံတကာလယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့မှ အရာရှိ ဆို

(GMT+08:00)2021-02-26 15:08:56  

လွန်ခဲ့သည့် ၈နှစ်အတွင်းတွင် ဥက္ကဌ ရှီကျင့်ဖိန်ကို အမြုတေအဖြစ်ထားသော တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် အတိုင်းအတာ အကြီးမားဆုံး၊ အင်အားအတောင့်တင်းဆုံး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတိုက်ပွဲကို ဆင်နွှဲခဲ့ပါသည်။ လူဦးရေ သန်း၁၀၀နီးပါး ဆင်းရဲနွမ်းပါးမှုမှ ကင်းလွှတ်ပြီး ကုလသမဂ္ဂ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပါ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရည်မှန်းချက်ကို လျာထားချိန်ထက် ၁၀နှစ် စောပြီး အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

မကြာမီတွင် နိုင်ငံတကာလယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့  (IFAD)အာရှနှင့်ပစိဖိတ်ဒေသရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Nigel Brettက CMGသတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နယ်ပယ်တွင် သမိုင်းဝင်အောင်မြင်မှုရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။