邹立莹

အမေရိကန်သည် တရုတ်နိုင်ငံကို ပကတိကျကျ ဆင်ခြင် သဘောထားရန် မျှော်လင့်သည်ဟု တရုတ်ဆို

(GMT+08:00)2021-02-26 13:34:59  

ဖေဖေါ်ဝါရီလ၂၅ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်နိုင်ငံသည် zero-sum game သီအိုရီအတွေးအခေါ်ကို စွန့်လွှတ်ပြီး တရုတ်နိုင်ငံနှင့် တရုတ်-အမေရိကန် ဆက်ဆံမှုကို ပကတိကျကျ ဆင်ခြင် သဘောထားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။

မကြာမီက အမေရိကန်သမ္မတဘိုင်ဒင်မှ နာမည်တင်သွင်းသော CIAညွှန်ကြားရေးမှူးချုပ်လောင်းသည် အမေရိကန်နိုင်ငံ လုံခြုံရေး၏ သော့ချက်ကျသောကိစ္စသည် ပြိုင်ဘက်ဖြစ်သည့် တရုတ်နိုင်ငံကို အနိုင်ရရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။