အမေရိကန်နိုင်ငံသားအာဖရိကအနွယ်ဖွားများအဖို့ ကပ်ရောဂါသည် အမေရိကန် ဆေးဝါးကုသရေးစနစ်ဆိုင်ရာ လူမျိုးခွဲခြားမှုကို နောက်ထပ်တစ်ကြိမ် ပြသထားသည်။ သေဆုံးသူဦးရေ ငါးသိန်းကျော် အနက် အာဖရိကအနွယ်ဖွားဦးရေ အချိုးအစား လွန်စွာ ကြီးမားနေသည်။ လူမျိုးခွဲခြားမှုသည် အမေရိကန် ဆေးဝါးကုသရေးစနစ်၏ နယ်ပယ် အရပ်ရပ်ကို ထိခိုက်နေပြီး အမေရိကန် အနေနှင့် တရားမျှတသော ဆေးဝါးကုသရေး စနစ် တစ်ရပ်ကို ပြန်လည် တည်ထောင်ရန်လိုအပ်သည်ဟု ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဗြိတိန်Guardian သတင်းစာတွင် ဝေဖန် ဖေါ်ပြထားသည်။