邹立莹

နိုင်ငံရေးအင်အားဖြင့် စီးပွားရေးဥပဒေသကို အတင်းအဓမ္မ ပြောင်းလဲသည့် လုပ်ရပ်သည် ပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနဆို

(GMT+08:00)2021-02-26 13:34:11  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက နိုင်ငံရေးအင်အားဖြင့် စီးပွားရေးဥပဒေသကို အတင်းအဓမ္မ ပြောင်းလဲသည့် လုပ်ရပ်သည် လက်တွေ့မကျသောကြောင့် ကိုယ့်နိုင်ငံရင်ဆိုင်နေရသည့် ပြဿနာကိုဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ၂၅ရက်နေက ပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာသတင်းအရ အမေရိကန်သမ္မတဘိုင်ဒင်သည် ၂၄ရက်နေ့တွင် အမိန့်တစ်ရပ် ချုပ်ဆိုပြီး စီမီကွန်ဒတ်တာအပါအဝင် အဓိကထုတ်ကုန် ၄ မျိုး၏ နိုင်ငံတကာ ဖြန့်ဖြူးရေး ကွင်းဆက်ကို စိစစ်ခြင်းဖြင့် ပြည်ပမှ ထုတ်ကုန်ဖြန့်ဖြူးပေးသူ အထူးသဖြင့် တရုတ်နိုင်ငံမှ ထုတ်ကုန်ဖြန့်ဖြူးပေးသူများအပေါ် အားကိုးမှုကို ဖယ်ပစ်ရန် ဦးတည်ခဲ့သည်။