邹立莹

ထိုင်းနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့၌ ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံ

(GMT+08:00)2021-02-26 13:54:02  

ဖေဖော်ဝါရီလ ၂၂ရက်နေ့က ထိုင်းနိုင်ငံအဆင့်မြင့် အရာရှိတစ်ယောက်၏ ထုတ်ဖော်ချက်အရ ထိုင်းနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံမှ ပထမအသုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး၂သိန်းကို ရရှိခဲ့ပါသည်။ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကိုလည်း ယခုသီတင်းပတ်အတွင်း စတင် ဆောင်ရွက်မည်ဟု ပြောဆိုကြောင်း ၂၃ရက်နေ့က Reuters သတင်းအရ သိရပါသည်။

ထို့အပြင်၂၂ရက်နေ့မှစ၍ မက္ကဆီကိုနိုင်ငံအလယ်ပိုင်းဒေသရှိ Ecatepec မြို့၌ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို စတင်ဆောင်ရွက်ပြီဖြစ်သည်။ မက္ကဆီကိုနိုင်ငံသမ္မတ လိုပေဇ်က တရုတ်နိုင်ငံအစိုးရသည် မက္ကဆီကိုနိုင်ငံအား ကိုဗစ်-၁၉ တိုက်ဖျက်မှုကို အားပေးကူညီထောက်ပံ့ပေးပြီး ကာကွယ်ဆေးများ အရေးပေါ် ပို့ဆောင်ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်ဟု ၂၃ရက်နေ့က ရုရှားမီဒီယာ Sputnik မှသတင်းအရ သိရပါသည်။