邹立莹

“လူမျိုးမျိုးသုဉ်းအောင်လုပ်ခြင်း” ဆိုခြင်းကို အနောက်နိုင်ငံအချို့ကိုယ်တိုင်လက်ခံသင့်

(GMT+08:00)2021-02-26 13:34:41  

မကြာမီက အနောက်နိုင်ငံအချို့သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၄၆ကြိမ်မြောက် အဆင့်မြင့်အစည်းအဝေးတွင် ရှင်းကျန်းအရေးကိစ္စကို အသုံးပြုပြီး တရုတ်နိုင်ငံက လူ့အခွင့်အရေးကို ကျူးလွန်ထိပါးသည်ဟု ပြစ်တင်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အနောက်နိုင်ငံအချို့သည် ရှင်းကျန်း ပြည်သူလူထုများ၏ သုခချမ်းသာရေးကို အမှန်တကယ် ဂရုစိုက်ခြင်းမဟုတ်ဘဲ လူ့အခွင့်အရေးကိုအကြောင်းပြပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်၊ တရုတ်နိုင်ငံရှင်းကျန်းဒေသအပါအဝင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို အနှောက်အယှက်ပြု ဖျက်ဆီးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ၂၅ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ဆက်လက်၍ ကျောက်လိကျန်းက အဆိုပါနိုင်ငံများသည် ဘော်ရီဂျင်နီများကို အစုလိုက်သတ်ဖြတ်ခဲ့သည့်သမိုင်းဖြစ်စဉ် ရှိသည့်အပြင် ဘော်ရီဂျင်နီများ၏ အခွင့်အရေးကို ကျူးလွန်ထိပါးမှု ပြဿနာ ရှိမြဲ ရှိနေသေးကြောင်း၊  “လူမျိုးမျိုးသုဉ်းအောင်လုပ်ခြင်း”ဆိုခြင်းကို တရုတ် နိုင်ငံ လက်မခံဘဲ အဆိုပါ နိုင်ငံအချို့ ကိုယ်တိုင် လက်ခံသင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။