邹立莹

ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှုနှင့်ထိုးနှံမှုကို အားဖြည့်ဆောင်ရွက်ရန် ဥရောပသမဂ္ဂခေါင်းဆောင်များ သဘောတူ

(GMT+08:00)2021-02-26 13:52:07  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဥရောပသမဂ္ဂခေါင်းဆောင်များသည် ဗီဒီယို အစည်းအဝေး ကျင်းပပြီး ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ထပ်မံဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေး တက်ရောက်ကြသူများက လက်ရှိအချိန်တွင် ဥရောပသမဂ္ဂနိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု အခြေအနေ ပြင်းထန် နေသေးကြောင်း၊ အထူးသဖြင့် ဗိုင်းရပ်စ် မျိုးရိုးဗီဇပြောင်းခြင်းသည် နိုင်ငံ အသီးသီးတို့ကို စိန်ခေါ်မှုများစွာ ဖြစ်စေခဲ့ကြောင်း၊ ဥရောပသမဂ္ဂသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှု၊ စီမံခန့်ခွဲမှုနှင့် ထိုးနှံပေးမှုကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တညီတညွတ်တည်း ယူဆကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။