邹立莹

တရုတ်နိုင်ငံသည် ဆင်းရဲမှု ပပျောက်ရေး တိုက်ပွဲ ဘက်စုံ အောင်မြင်ကြောင်း ကြေညာ၊ ကျေးလက်တောရွာ ရှင်သန်မှု တွန်းအားပေးမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2021-02-26 13:32:58  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီတို့သည် ယခုလ ၂၅ ရက်နေ့က ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်း ပေါင်းရုံးသုံးသပ်ရေးနှင့် ချီးမြှင့်ရေး အစည်းအဝေးကို ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင် ရှီကျင့်ဖိန်သည် ရှစ်နှစ်ကြာ ဆင်းရဲမှု ပပျောက်ရေး တိုက်ပွဲ ဘက်စုံ အောင်မြင်ကြောင်း၊ လက်ရှိ စံချိန်စံနှုန်းအရ ကျေးလက် ဆင်းရဲသူ သန်း ၁၀၀ အားလုံး ဆင်းရဲမှု ပပျောက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ရှီကျင့်ဖိန်က ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းနှင့် ကျေးလက်တောရွာ ရှင်သန်ရေး လုပ်ငန်း ချိတ်ဆက်မှုကို ထိရောက် ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကွာဟမှု ဆက်တိုက်ကျဉ်းကျုံ့စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဝင်ငွေနည်းသူများနှင့် ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများကို ဖွံ့ဖြိုးတိုးတက်ရေး အောင်ကျိုးရလဒ်များကို အတူ မျှဝေစေရမည် ဖြစ်ကြောင်း၊ ကျေးလက် တောရွာ နေထိုင်မှုနှင့် ကုန်ထုတ်လုပ်မှုကို အားသစ်လောင်းပေးပြီး လယ်သမားများ ချမ်းသာမှုကို တိုးမြှင့်ပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က ဆက်လက်ပြီး ဆင်းရဲမှု ပပျောက်ရေး အောင်ကျိုးရလဒ်များ ခိုင်မြဲအောင် ဆောင်ရွက်မှုများ ပြုလုပ်သည့် တစ်ချိန်တည်းတွင် ကျေးလက်တောရွာ ရှင်သန်ရေး လုပ်ငန်းတာဝန်ကို ဘက်စုံ တွန်းအားပေးရမည်  ဖြစ်ကြောင်း၊ မူဝါဒ၊ ဆောင်ရွက်ချက်၊ စနစ်များ ပိုမိုပြည့်စုံကောင်းမွန်စေပြီး လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ခေတ်မီရေး ခြေလှမ်း ပိုမို လျင်မြန်စေရမည် ဖြစ်ကြောင်း ပြောကြားပါသည်။