邹立莹

တရုတ်ကိုယ်စားလှယ်သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ မိန့်ခွန်းပြောကြားပြီး သီရိလင်္ကာ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်

(GMT+08:00)2021-02-26 13:51:17  

ယခုလ ၂၅ ရက်နေ့က ကုလသမဂ္ဂဂျီနီဗါရုံးနှင့် ဆွစ်ဇာလန် အခြားနိုင်ငံတကာ အဖွဲ့အစည်းဆိုင်ရာ တရုတ်ကိုယ်စားလှယ်ချင်ရှုသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၄၆ ကြိမ်မြောက် အစည်းအဝေး၌ သီရိလင်္ကာဆိုင်ရာဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရာ၌ သီရိလင်္ကာအစိုးရ၏ လူ့အခွင့်အရေးကို တက်ကြွစွာတိုးမြှင့်၊ ထိန်းသိမ်းကာကွယ်ခြင်းကို ချီးကျူးပြီး ပြင်ပမှ သီရိလင်္ကာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ဆန့်ကျင်ကြောင်း ဖေါ်ပြခဲ့ပါသည်။