邹立莹

နိုင်ငံဆယ်ပေါင်းများစွာ တရုတ်ကာကွယ်ဆေးအသုံးပြုရန် အတည်ပြုပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2021-02-26 13:33:36  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက လက်ရှိ အချိန်တွင် တရုတ်နိုင်ငံသည် နိုင်ငံ ၅၃ နိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကူညီထောက်ပံ့ပေးလျက်ရှိ သို့မဟုတ် ကူညီထောက်ပံ့ပြီဖြစ်ပြီး နိုင်ငံ ၂၇နိုင်ငံအား ကာကွယ်ဆေးကို တင်ပို့လျက်ရှိ သို့မဟုတ် တင်ပို့ပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ကမ္ဘာပေါ်ရှိနိုင်ငံဆယ်ပေါင်းများစွာတို့သည် တရုတ် ကာကွယ်ဆေးကို အသုံးပြုရန် အတည်ပြုပြီ ဖြစ်ပြီး ယင်းသည် တရုတ်ကာကွယ်ဆေး၏ အရည်အသွေးကို အသိအမှတ်ပြုခြင်း ဖြစ်ကြောင်း ၂၅ရက်နေ့က ပြောကြားခဲ့ပါသည်။

ယခုရက်များတွင် တရုတ်နိုင်ငံမှ မွန်ဂိုလီးယား၊ အီဂျစ်၊ ထိုင်း၊ စင်ကာပူ၊ ဒိုမီနီကာ၊ ဘိုလီးဗီးယားနှင့် အခြားနိုင်ငံများအား ကူညီထောက်ပံ့ပေးသည့် သို့မဟုတ် တင်ပို့ ရောင်းချသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ၄င်းနိုင်ငံများသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

တရုတ်နိုင်ငံနှင့် ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုရှိသည့်နိုင်ငံများ၏ ကျန်းမာရေးဌာနများသည် တရုတ်ကာကွယ်ဆေး၏ လုံခြုံမှုနှင့်အာနိသင်ထိရောက်မှုကို အတည်ပြု ခဲ့ပါသည်။