辛甜

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ တရုတ်အမျိုးသားရှင်သန်ရေး၏ အရေးကြီး တာဝန် ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန် ဆို

(GMT+08:00)2021-02-25 15:32:43  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှာ တရုတ်အမျိုးသားရှင်သန်ရေး၏ အရေးကြီး တာဝန်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအကျိုးရလဒ် ပိုမိုခိုင်မာလာစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာချိတ်ဆက်လိုကြောင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အခြေခံ ပိုမိုတည်ငြိမ်စေပြီး ပိုမိုထိရောက်စေလိုကြောင်း ယခုလ၂၅ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
ရှီကျင့်ဖိန်က ကျေးလက်ဒေသနှင့်မြို့ပြဒေသဖွံ့ဖြိုးတိုးတက်ရေးကွာဟမှုကို ကျဉ်းကျုံ့ စေခြင်းဖြင့် ဝင်ငွေနည်းလူဦးရေနှင့် ဖွံ့ဖြိုးမှုအားနည်းသောဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးရလဒ်ကို ခံစားစေမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ နေထိုင်မှု ပိုမို အဆင် ပြေစေရန်နှင့် အလုပ်လုပ်ကိုင်ရန် တွန်းအားပေးပြီး လယ်သမားများ ချမ်းသာကြွယ်ဝ လာစေရေးကို အလေးထားကြောင်း ပြောကြားခဲ့ပါသည်။