辛甜

တရုတ်ပြည်၏ ဆင်းရဲမှုပပျောက်စေခဲ့သည့် ဆင်းရဲသူဦးရေသည် ကမ္ဘာတစ်ဝန်း ဆင်းရဲမှု ပပျောက် စေခဲ့သည့် ဆင်းရဲသူ စုစုပေါင်းဦးရေ၏ ၇၀ ရာခိုင်နှုန်း ကျော်ရှိ

(GMT+08:00)2021-02-25 12:35:00  

တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် လက်ရှိ စံချိန်စံညွှန်းအရ ကျေးလက်ဒေသရှိ ဆင်းရဲသူသန်းပေါင်း၇၇၀၏ ဆင်းရဲမှုကို ပပျောက်စေခဲ့ပြီး ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဆင်းရဲမှု စံချိန်စံညွှန်းအရ အလားတူ အချိန်ကာလပိုင်းတွင် ကမ္ဘာတစ်ဝန်း ဆင်းရဲမှု ပပျောက်စေခဲ့သည့် ဆင်းရဲသူ စုစုပေါင်းဦးရေ၏ ၇၀ ရာခိုင်နှုန်း ကျော်ရှိကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ယခုလ ၂၅ရက်နေ့တွင် တရုတ် နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က တစ်ပြည်လုံး ဆင်းရဲမှု ပပျောက် စေရေး ဆိုင်ရာ ဆုချီးမြှင့်ပွဲတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်ပြည်သည် ဆင်းရဲမှု လျှော့ချရေး ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ပြုလုပ်ပြီး ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ နိုင်ငံတကာ တာဝန်ဝတ္တရားများကို လိုက်နာကျင့်သုံးကာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လက်လှမ်းမီသလောက် ကူညီပံ့ပိုးမှုပေး၍ နိုင်ငံတကာ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းကို အားကောင်းသော တွန်းအားပေးသူ ဖြစ်ကြောင်း၊ တရုတ်ပြည်ရရှိခဲ့သည့် ဆင်းရဲမှုပပျောက်စေရေးဆိုင်ရာ အောင်မြင်မှုများသည် တရုတ်ပြည်၏ အောင်မြင်မှု ဖြစ်သလို တစ်ကမ္ဘာလုံး၏ အောင်မြင်မှုလည်းဖြစ်ကာ လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း ပြောကြားသည်။