辛甜

အနောက်နိုင်ငံ မီဒီယာအချို့ရဲ့ ရှင်းကျန်းဆိုင်ရာ မုသားစကားများကို ပြင်သစ် စာရေး ဆရာက အဖြစ်မှန်များနဲ့ ချေမှုန်းပစ်

(GMT+08:00)2021-02-25 10:27:29  

ပြင်သစ် နာမည်ကြီး စာရေးဆရာ Maxime Vivas ဟာ မကြာခင်က စာအုပ်သစ် တစ်အုပ် ရေးသားထုတ်ဝေခဲ့တယ်။ စာအုပ် နာမည်က “ဝေဂါလူမျိုးဆိုင်ရာ သတင်းအတုကို အဆုံးသတ်ခြင်း” ဖြစ်ပါတယ်။ စာအုပ်ထဲမှာ ရှင်းကျန်းမှာ ကျွန်တော်က ဝေဂါလူမျိုး များစွာကို တွေ့မြင်ခဲ့တယ်။ ဗလီကျောင်းများစွာကိုလည်း တွေ့မြင်ခဲ့တယ်။ စာသင်ကျောင်း မှာ ကျောင်းဆရာ ဆရာမများက ပြည်ကြီးစကားနဲ့ ဝေဂါလူမျိုးဘာသာစကား သင်ပြ နေတာကို တွေ့မြင်ခဲ့တယ်။ စားဖိုမှူးများက အစ္စလာမ်လူမျိုး စားကြတဲ့ အစားအစာ ချက်နေတာကိုလည်း တွေ့မြင်ခဲ့တယ်။ ဥရောပမှာဆိုရင် “ရှင်းကျန်းမှာ လူမျိုး မျိုးသုန်းအောင် လုပ်နေခြင်း” ဆိုတဲ့ သတင်းအတု ဖြန့်နေလို့ အထက်ပါ ဖြစ်ရပ်တွေ ရှိနေ တာကို ယုံဖို့ တော်တော်ခက်တယ်။ ဒါပေမယ့် ရှင်းကျန်းကို ရောက်လာတဲ့အခါ သတင်းအတုထဲမှာ ဖေါ်ပြတာတွေဟာ ရှင်းကျန်းမှာ တကယ်ဖြစ်ပွါးနေတဲ့ကိစ္စ လုံးဝ မဟုတ်ဘူး ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ရေးသားဖေါ်ပြထားပါတယ်။

BBC၊ နယူးယောက် တိုင်းမ်စ်၊ CNN စတဲ့ အနောက်မီဒီယာဌာနများက အတွေးအခေါ် ဆိုင်ရာ တဖက်သတ်တယူသန်အမြင်များ စွဲကိုင်နေတာကြောင့် ရှင်းကျန်းဆိုင်ရာ သတင်းအတုတွေကို မရှိ၊ ရှိအောင် အကြိမ်ကြိမ် လုပ်ကြံ ဖန်တီးပြီး အဖြစ်မှန်ကို ရည်ရွယ်ချက်ရှိရှိ လူသိ ပေးမခံခဲ့ပါဘူး။

 ပြီးခဲ့တဲ့နှစ် သြဂုတ်လမှ ယခုအထိ BBC ရဲ့ ရှင်းကျန်းဆိုင်ရာ သတင်းဆောင်းပါး ၄၀ ကျော်ထဲမှာ ဆောင်းပါး ၃၀ မှာ သတင်းထောက်နာမည် မပါပါဘူး။ အဲဒီ သတင်း ဆောင်းပါးထဲမှာ ကိုးကား အသုံးပြုတာ အများစုဟာ တစ်ပတ်ရစ် လမ်းဘေးသတင်းတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီ အနောက်နိုင်ငံ မီဒီယာတို့ အသုံးပြုတဲ့ အထောက် အထားတွေ အားလုံးလိုလို တရုတ်ပြည်ကို ဆန့်ကျင့်တဲ့ ပညာရှင် Adrian Zenz ရဲ့ လေ့လာချက် ရလဒ်ဖြစ်တာကို တွေ့ရပါတယ်။ မကြာခင်က အမေရိကန်Grayzone မှ ဖေါ်ပြချက်အရ “ရှင်းကျန်းမှာ လူမျိုး မျိုးသုဉ်းအောင် လုပ်ခြင်း” ဆိုတဲ့ Adrian Zenz ရဲ့ အစီရင်ခံစာမှာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အဖြစ်မှန်ကို တလွဲတချော်ဖြစ်အောင် မဟုတ်မမှန် ရေးသားခြင်း ရှိနေတာကို ဖေါ်ပြထားပါတယ်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရှင်းကျန်း ဝေဂါလူမျိုး လူဦးရေ ၂၅ ရာခိုင်နှုန်း တိုးလာပြီး “လူမျိုး မျိုးသုဉ်းအောင် လုပ်ခြင်း” ဆိုတဲ့ မုသားစကားဟာ အထောက်အထား ဘာတွေရှိသလဲလို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။