辛甜

ဆင်းရဲမှုသည် ဆိုရှယ်လစ်ဝါဒမဟုတ်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2021-02-25 15:17:42  

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်ရှီကျင့်ဖိန်က ဆင်းရဲမှုသည် ဆိုရှယ်လစ် ဝါဒမဟုတ်ကြောင်း၊ ဆင်းရဲသောဒေသများတွင် အချိန်ရှည်ကြာစွာ ဆင်းရဲပြီး၊ ဆင်းရဲမှု အခြေအနေကို အချိန်ရှည်ကြာစွာ မပြောင်းလဲနိုင်ဘဲ၊ ပြည်သူများ၏ နေထိုင်မှုဘဝ အဆင့်အတန်းကို အချိန်ရှည်ကြာစွာ မြှင့်တင်မှုမရှိပါက၊ တရုတ်ဆိုရှယ်လစ်ဝါဒစနစ်၏ သာလွန်မှုကို ပေါ်လွင်မှုရှိနိုင်မည်မဟုတ်သလို ဆင်းရဲမှုသည် ဆိုရှယ်လစ်ဝါဒလည်း မဟုတ်ကြောင်း ယခုလ ၂၅ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။