辛甜

တရုတ်နိုင်ငံ ဆင်းရဲမှုပပျောက်စေရေးလုပ်ငန်းတွင် ဘက်စုံအောင်မြင်မှုရရှိသည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2021-02-25 15:10:52  

ပြည်လုံးဆိုင်ရာ ဆင်းရဲမှုပပျောက်စေရေး ချီးမြှင့်ပွဲကို ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ နံနက်ပိုင်းက ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်လုံး၌ ဆင်းရဲမှုပပျောက်စေရေး စံနမူနာ ဂုဏ်ထူးဆောင်ဆု ရရှိသူများအား ဆုပေးပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့ကြောင်း၊ China Media Group မှ သတင်းအရသိရပါသည်။
ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ၊ တစ်နိုင်ငံလုံး၊ တိုင်းရင်းသားလူမျိုးစုပြည်သူ အားလုံးတို့၏ ကြိုးပမ်းအားထုတ်ခြင်းဖြင့် တရုတ်ကွန်မြူနစ်ပါတီ ထူထောင်ခဲ့သည့် နှစ်၁၀၀ပြည့်ကို ကြိုဆိုသော အရေးကြီးအခါသမယတွင် တရုတ်နိုင်ငံ၏ ဆင်းရဲမှု ပပျောက် စေရေး လုပ်ငန်းတွင် ဘက်စုံအောင်မြင်မှုရရှိလာကြောင်း၊ လက်ရှိစံချိန်အတိုင်း ကျေးလက် ဒေသ ဆင်းရဲသူ ၉၈သန်း ၉သိန်း ၉သောင်းတို့ကို ဆင်းရဲမှု လုံးဝပပျောက်စေပြီး ဆင်းရဲသောခရိုင် ၈၃၂ခုတို့သည် ဆင်းရဲမှုပပျောက်ကာ ဆင်းရဲသောကျေးရွာ ၁သိန်း ၂သောင်း ၈ထောင် တို့သည် ဆင်းရဲမှု ပပျောက်၍ ဒေသတွင်း တစ်ရပ်လုံးဆင်းရဲမှုကို ဖြေရှင်းပြီဖြစ်ပြီး ဆင်းရဲမှုပပျောက်စေရေးတာဝန်ကို ဆောင်ရွက်ပြီးစီးကာ သမိုင်းဝင် အံ့သြဖွယ်ကောင်းသော လုပ်ရပ်ကို ဖန်တီးနိုင်ပြီဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပြည်သူ များ၏ ကြီးကျယ်သော ဂုဏ်ပြောင်ထွန်းမှုဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ကြီးကျယ်သော ဂုဏ်ဒြပ်တစ်ခုဖြစ်ကာ တရုတ်အမျိုးသား၏ ကြီးကျယ်သော သမိုင်းဝင်ဂုဏ်ယူဖွယ်ရာပင် ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ ထုတ်ပြန်ခဲ့ပါသည်။