辛甜

တရုတ်ပြည်ရေးရာနဲ့ပတ်သက်ပြီး ဘိုင်ဒင်အစိုးရက ယခင်အစိုးရရဲ့ လမ်းဟောင်းအတိုင်း ဆက်လျှောက်နေတယ်

(GMT+08:00)2021-02-25 10:18:57  

   ဘိုင်ဒင်အစိုးရ အာဏာကျင့်သုံးခဲ့တာ တစ်လပြည့်ခဲ့ပါပြီ။ ဘိုင်ဒင်အစိုးရမှ အရာရှိ တစ်ချို့က တရုတ်ပြည်နဲ့ ပတ်သက်တဲ့ စီးပွါးကုန်သွယ်ရေး၊ တောင်ပင်လယ်၊ ကူးစက် ရောဂါ ထိန်းချုပ်ရေး ကိစ္စရပ်များအပေါ် သဘောထားရပ်တည်ချက်ဟာ ယခင် အစိုးရဟောင်းနဲ့ သိပ်မကွာဘူးလို့ လူတွေက တွေ့ရှိပါတယ်။

   ကျွမ်းကျင်ပညာရှင်များက အကျိုးစီးပွါးကို ထိပ်ဆုံးနေရာမှာထားခြင်းဟာ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ ပြောင်းလဲမှာ မဟုတ်တဲ့ အာဏာကျင့်သုံးရေး လော့ဂျစ်ပဲ ဖြစ်ပြီး ဘယ်သူမဆို အာဏာရရ အားလုံး မဲရရှိရေးကို ပထမနေရာမှာ ထားတတ်တယ်။ သမ္မတ တာဝန် ထမ်းဆောင်ခါစမှာ ဘိုင်ဒင်က ကူးစက်ရောဂါ ရင်ဆိုင်ဖြေရှင်းရေးနဲ့ စီးပွါးရေး နာလန်ပြန်ထူရေးကို ဦးစားပေး တာဝန်ကြီး နှစ်ခု အဖြစ် ထားမယ်လို့ ကတိပြုခဲ့တယ်။ ဒါပေမယ့် အဲဒီ တာဝန်ကြီးနှစ်ခုဟာ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတယ်။ လက်ရှိ အချိန်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အမေရိကန်မှာ သေဆုံးသူ ဦးရေ ၅ သိန်းကျော် ရှိပြီဖြစ်ပြီး ဘယ်အချိန်မှာ ကိုဗစ်-၁၉ကို ထိန်းချုပ်နိုင်မယ်ဆိုတာ ခန့်မှန်းဖို့ ခက်တဲ့ အကြောင်း ရှိနေပါသေးတယ်။ ပြီးတော့ မကြာခင်က အမေရိကန် FR ဥက္ကဋ္ဌ ပေါ်ဝယ် ကလည်း အမေရိကန် စီးပွါးရေး ရှေ့အလားအလာဟာ မတည်ငြိမ်ဖွယ်ရာ များစွာ ရှိတယ်လို့ ပြောခဲ့တယ်။ ဒါနဲ့ ကတိပြုချက်ကို မဖေါ်ဆောင်နိုင်ဘူးဆိုရင် ဘယ်လို လုပ်နိုင်မလဲ၊ အမေရိကန် နိုင်ငံရေးသမားတို့အဖို့ တရုတ်ပြည်အား အပြစ်လွှဲချဖို့ဟာ လွယ်လင့်တကူ ကျွမ်းကျင်စွာ လုပ်နိုင်တဲ့ ကိစ္စပဲ ဖြစ်တယ်။ အဲဒါဟာ မကြာခင်က တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုပေးတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်ဆိုင်ရာ အချက်အလက်များအပေါ် မယုံသင်္ကာ ဖြစ်နေတယ်လို့ အမေရိကန် သမ္မတရဲ့ နိုင်ငံတော် လုံခြုံရေးလက်ထောက်က ပြောဆိုခဲ့ခြင်းနဲ့ မြူးနစ် လုံခြုံရေး အစည်းအဝေးမှာ ဘိုင်ဒင်က တရုတ်ပြည်ရဲ့ စီးပွါးရေး ကျူးကျော်မှုနဲ့ အကျပ်ကိုင်မှုကို ဖီဆန်မယ်လို့ ပြောဆိုခဲ့ခြင်းရဲ့ အကြောင်းရင်းပဲ ဖြစ်တယ်။ ဆိုလိုတာက နိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွါး ကာကွယ်ဖို့ အတွက် အခုတက်လာတဲ့ ဘိုင်ဒင်အစိုးရဟာ ယခင်အစိုးရရဲ့ လမ်းဟောင်းအတိုင်း မသိမသာ ဆက်လျှောက်နေတယ်လို့ သုံးသပ်ထားကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။