洪荃诠

ကန်မီဒီယာက ရှင်းကျန်းဆိုင်ရာ ကန်အစိုးရ၏ မုသားစကားကိုဖွင့်ချ

(GMT+08:00)2021-02-23 14:36:47  

အမေရိကန်သတင်းဝက်ဆိုက်တွင် အမေရိကန်အစိုးရမှ ရှင်းကျန်းဆိုင်ရာ အစီရင်ခံစာ သည် မုသားစကားဖြစ်သည်ဟု ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်က အဆိုပါ အမေရိကန်မီဒီယာ၏ ထုတ်ပြန်ချက် တွင် အဖြစ်မှန်သည် အပြောကောင်းသည့်စကားထက် အရာရောက်ပြီး တရားမျှတမှုသည် လူတိုင်းစိတ်ထဲ၌ ရှိသည်ဟု ပြဆိုကြောင်း ၂၂ရက်နေ့က ပြောကြားသည်ဟု China Media Group မှ သတင်းအရသိရပါသည်။
နိုင်ငံတကာမိသားစုကြီးအနေနှင့် ယင်းဖြစ်ရပ်သည် တရုတ်ဆန့်ကျင်ရေးအင်အား၏ ဇာတိ သရုပ်မှန်ကိုရှင်းလင်းအောင် သိရှိနားလည်နိုင်ပြီး မုသားစကားကြောင့် မှိုင်းမမိရန် မျှော်လင့်ကြောင်း၊ မျက်မှောက်တွင် နိုင်ငံတကာမိသားစုကြီးမှ ပိုများသောအမြော်အမြင် ရှိသူများသည် ရှင်းကျန်းအခြေအနေကို သိရှိနားလည်လာပြီး တရုတ်အစိုးရ၏ ရှင်းကျန်း ဆိုင်ရာမူဝါဒကို နားလည်ကာ တရားမျှတမှုကိုစောင့်ထိန်းရန် မှန်ရာမှန်ကြောင်း လိုက်ပြော လာပြီဖြစ်ကြောင်း၊ ပိုများသော နိုင်ငံခြားမီဒီယာများအနေနှင့် ပကတိအခြေအနေနှင့် ကိုက်ညီပြီး တရားမျှတသော ရှုထောင့်မှ သတင်းထုတ်ပြန်နိုင်ရန် မျှော်လင့်ကြောင်း ဝမ်ဝင်ပင်ကပြောကြားပါသည်။