洪荃诠

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နိုင်ငံတကာ မိသားစုကြီးအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရားမျှတစွာ ဖြန့်ဝေပေးရန် တိုက်တွန်း

(GMT+08:00)2021-02-23 14:30:15  

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နိုင်ငံတကာ မိသားစုကြီးအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရားမျှတစွာ ဖြန့်ဝေပေးရန် တိုက်တွန်း_fororder___172.100.100.3_temp_9500033_1_9500033_1_6016_f5701b6b-5dca-4a74-bd01-9aac97ad99fe

ဒေသစံတော်ချိန် ၂၂ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၆ကြိမ် မြောက် အစည်းအဝေးကို ဂျီနီဗာ၌ ဖွင့်လှစ်ခဲ့ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာ မိသားစုကြီးအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရားမျှတစွာ ဖြန့်ဝေပေးရန် အထူးတိုက်တွန်းခဲ့ပါသည်။  
 ဂူတာရက်စ်က လက်ရှိအချိန်အထိ နိုင်ငံ ၁၀နိုင်ငံ အသုံးပြုသော ကာကွယ်ဆေးသည် ကာကွယ်ဆေး စုစုပေါင်းပမာဏ၏ ၇၅ ရာခိုင်နှုန်းရှိကြောင်း၊ ကာကွယ်ဆေးကို တရားမျှတစွာ အသုံးပြုခြင်းသည် လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ခြင်းပင် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးသည် လူတိုင်း အသုံးပြုနိုင်သော နိုင်ငံတကာ လူအများ သုံးကုန်ပစ္စည်း  ဖြစ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။