洪荃诠

ဝမ်ယိသည် ကုလလူ့အခွင့်အရေး ကောင်စီ ၄၆ကြိမ်မြောက် အစည်းအဝေး၏ အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2021-02-23 14:37:45  

 တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၂၂ရက်နေ့က ပီကင်းတွင် ဗီဒီယိုနည်းလမ်းဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၄၆ကြိမ်မြောက် အစည်းအဝေး၏ အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကား ပြောကြားသည်။
    နှစ်ပေါင်း၁၀၀ကျော်အတွင်း မကြုံစဖူး ကြီးမားသော ပြောင်းလဲမှုနှင့် ဆိုးရွားသည့် ကပ်ရောဂါ အခြေအနေကို ရင်ဆိုင်ရေးတွင် လူ့အခွင့်အရေး တိုးမြှင့်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းများ နှင့် ပတ်သက်၍ ဝမ်ယိက တရုတ်ပြည်သည် ခံယူချက် ၄ချက်ရှိကြောင်း၊ ပထမအချက်က ပြည်သူကို ဗဟိုပြုခြင်းအား စွဲကိုင်ကြောင်း၊ ဒုတိယအချက်ကတော့ လူ့အခွင့်အရေး၏ ယေဘုယျ ဖြစ်ခြင်းနှင့် နိုင်ငံ အသီးသီး၏ ပကတိ အခြေအနေနှင့် ပေါင်းစပ်ထားရန် လိုအပ်ကြောင်း၊ တတိယအချက်က လူ့အခွင့် အရေး အမျိုးမျိုးကို စည်းစနစ်ကျစွာဖြင့် တွန်းအားပေးခြင်းအား စွဲကိုင်ကြောင်း၊ စတုတ္ထအချက်ကတော့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ကြောင်း ပြောကြားသည်။