洪荃诠

Lanting ဖိုရမ်တွင် တရုတ်-ကန်ဆက်ဆံရေးကို အာရုံစိုက်ပြီး ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးရေးနှင့်သဘောကွဲလွဲမှုစီမံခန့်ခွဲရေးကို ဆွေးနွေး

(GMT+08:00)2021-02-23 14:35:58  

ဖေဖေါ်ဝါရီလ ၂၂ရက်နေ့က “ဆွေးနွေးခြင်းနှင့်ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး၊ သဘောကွဲလွဲမှုစီမံခန့်ခွဲရေး၊ တရုတ်-အမေရိကန်တို့ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်တက်အောင်တွန်းအားပေး” အမည်ဖြစ်သော Lantingဖိုရမ်ကိုကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်-အမေရိကန် ဆက်ဆံရေးကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်တက်အောင် တွန်းအားပေးခြင်းနှင့်ပတ်သက်၍ အကြံပေးချက် ၄ရပ်ကို တင်ပေးခဲ့ကြောင်း၊ တရုတ်နှင့်အမေရိကန်မှ ခေါင်းဆောင်၊ ခေါင်းဆောင်ဟောင်း၊ ပညာရှင် စသော နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၃၊၄ဆယ်တို့သည် အွန်လိုင်း၊ off လိုင်းနည်းလမ်းဖြင့် နက်ရှိုင်းစွာဆွေးနွေးခဲ့ကြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။
အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးဆွေထျန်ခိုင်က အမေရိကန်အနေနှင့် မှန်ကန်သောစိတ်နေသဘောကိုထားပြီး သမိုင်းယဉ်ကျေးမှုနှင့် လမ်းကြောင်းစနစ် မတူညီသော နိုင်ငံများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို အလေးထားရန်မျှော်လင့် ကြောင်း ပြောကြားပါသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း Henry Paulson က လက်ရှိအမေရိကန် နိုင်ငံတော် လုံခြုံရေး ယေဘုယျ အယူအဆကို ယေဘုယျ ကောက်ချက်ချခြင်းအပေါ် စိုးရိမ်မိကြောင်း၊ ယင်းသည် တရုတ်-အမေရိကန်ဆက်ဆံရေးအတွက်ရော ကမ္ဘာ့စီးပွားရေး အတွက်ပါ ဂယက်ရိုက်ခတ်မှုရှိသည်ဟု ယူဆကြောင်း ပြောကြားပါသည်။