洪荃诠

ရှီကျင့်ဖိန်သည် အီဂျစ် သမ္မတ Sisi နှင့် ဖုန်းဆက်

(GMT+08:00)2021-02-23 14:42:15  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၂ ရက်နေ့ ညပိုင်းတွင် အီဂျစ်နိုင်ငံသမ္မတSisiနှင့်တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။
ရှီကျင့်ဖိန်က အီဂျစ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံမှု ထားရှိသည့် ပထမဆုံးအာရပ်နိုင်ငံနှင့် အာဖရိကနိုင်ငံဖြစ်ကြောင်း၊ တရုတ်- အီဂျစ် ဆက်ဆံမှုသည် တရုတ်-အာရပ်နိုင်ငံများနှင့် တရုတ်-အာဖရိကနိုင်ငံများ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးမျှဝေခံစားမှုတွင် စံနမူနာဖြစ်ကြောင်း၊ တရုတ်ပြည်အနေနှင့် အီဂျစ်နိုင်ငံနှင့် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ခိုင်မြဲစေရန်၊ အပြန်အလှန်ထောက်ခံမှု ကြံ့ခိုင်စေရန်၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာရေးရာများတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ရန်၊ ဘက်ပေါင်းစုံဝါဒနှင့် နိုင်ငံတကာတရားမျှတမှုကို အတူထိန်းသိမ်း ကာကွယ်ရန် ဆောင်ရွက်သွားလိုကြောင်း အလေးထားပြောကြားခဲ့သည်။
Sisi က ယခုနှစ်သည် အီဂျစ်-တရုတ် သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် ၆၅ နှစ်မြောက်ဖြစ်ကြောင်း၊ အီဂျစ်-တရုတ် ချစ်ကြည်ရေး အစဉ်အလာနက်ရှိုင်းသကဲ့သို့ နှစ်နိုင်ငံဆက်ဆံမှုသည်လည်း ရင်းနှီးခိုင်မြဲကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။