洪荃诠

ရှီကျင့်ဖိန်သည် ဂီရ်ကစ္စတန်နိုင်ငံသမ္မတJaparovနှင့် ဖုန်းဆက်

(GMT+08:00)2021-02-23 14:43:05  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၂ ရက်နေ့ ညပိုင်းတွင် ဂီရ်ကစ္စတန်နိုင်ငံသမ္မတJaparovနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။
ရှီကျင့်ဖိန်က တရုတ်-ဂီရ်ကစ္စတန်သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် ၂၉ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံမှုသည် နိုင်ငံတကာအခြေအနေပြောင်းလဲမှုများမှ စမ်းသပ်မှုကိုခံနိုင်ခဲ့ပြီး ရှင်သန်တည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးလျက်ရှိကြောင်း၊ နှစ်နိုင်ငံတို့သည် တစ်နိုင်ငံ၏ အမြုတေကျသော အကျိုးစီးပွားရေးရာ ပြဿနာများတွင် တစ်နိုင်ငံက ပြတ်သားစွာ အားပေးထောက်ခံပြီး နိုင်ငံတကာရေးရာများတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြ ကြောင်းပြောကြားခဲ့သည်။
Japarov က တရုတ်ပြည်သည် ဂီရ်ကစ္စတန်နိုင်ငံ၏ အမြဲထာဝစဉ် ယုံကြည် အားကိုးနိုင်သော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။