洪荃诠

တရုတ်ပြည်နှင့် ပတ်သက်၍ ဗြိတိန် အရာရှိ၏ မှားယွင်းသော ပြောဆိုချက်ကို ဂျီနီဗာ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချေပ

(GMT+08:00)2021-02-23 14:38:47  

ယခုလ ၂၂ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဆင့်မြင့် အစည်းအဝေးတွင် ရှင်းကျန်း၊ ရှီဇန့်၊ ဟောင်ကောင်စသည့် အရေးကိစ္စများနှင့်ပတ်သက်၍ ဗြိတိန် အပါအဝင် နိုင်ငံများမှ ထုတ်ပြန်သည့် မှားယွင်းသော ပြောဆိုချက်များကို ရည်ရွယ်ပြီး ဂျီနီဗာဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျူယွိယင့်မှ မိန့်ခွန်းပြောကြားရာတွင် ချေပပြောဆိုခဲ့သည်။ 
လျူယွိယင့်က ဗြိတိန်စသည့် နိုင်ငံများသည် ၄င်းနိုင်ငံများတွင် တည်ရှိနေသော လူ့အခွင့်အရေး ပြဿနာများ ဖြေရှင်းရေးကို အလေးထားပြီး လူ့အခွင့်အရေးကို နိုင်ငံရေး ကိစ္စ အဖြစ် သဘောမထားဘဲ သတင်းအတုအပါအ၀င် မုသားစကားများဖြင့် အခြားနိုင်ငံများ၏ ဂုဏ်သိက္ခာ ပျက်ယွင်းအောင် လုပ်ခြင်းကို ရပ်စဲရန် တရုတ်ပြည်က တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။