洪荃诠

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်း တရုတ်ထုတ် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ

(GMT+08:00)2021-02-23 14:39:34  

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်း တရုတ်ထုတ် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ_fororder_96dda144ad3459821f7e830a5bdc26a5caef8466

ယခုလ ၂၂ရက်နေ့ ညနေပိုင်းက ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးကယ်ရီလန်း၊ အထူးအုပ်ချုပ်ရေးဒေသအစိုးရမှ အရှာရှိများနှင့် အထူး အုပ်ချုပ်ရေးဒေသအမှုဆောင်ကောင်စီဝင်များသည် တရုတ်ထုတ် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံကြကြောင်း၊ ကယ်ရီလန်း ကာကွယ်ဆေးထိုးနှံပြီးနောက် လူ့အဖွဲ့ အစည်းအားလုံးသည်လည်း ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကို ထောက်ခံသင့်ကြောင်း၊ ဟောင်ကောင်သူဟောင်ကောင်သားအားလုံး တက်တက်ကြွကြွပါဝင်ပြီး အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ အစီအစဉ်အရ အွန်လိုင်းမှတ်ပုံတင်ကာ မြန်နိုင်သလောက်  အမြန်ဆုံး ကာကွယ်ဆေးထိုးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။