邹立莹

ကုလမူဘောင်အောက် နိုင်ငံဖြတ်ကျော် စက္ကူမဲ့ကုန်သွယ်ရေးဆိုင်ရာ ပထမဆုံးသော ဘက်ပေါင်းစုံစာချုပ် တရားဝင်အာဏာတည်

(GMT+08:00)2021-02-22 13:19:55  

“အာရှနှင့် ပစိဖိတ် နိုင်ငံဖြတ်ကျော် စက္ကူမဲ့ ကုန်သွယ်မှု အဆင်ပြေစေရေး မူဘောင်စာချုပ်” သည် ၂၁ရက်နေ့က တရားဝင်အာဏာတည်ခဲ့ကြောင်း၊ ယင်းသည် ကုလသမဂ္ဂ မူဘောင်အောက်တွင် နိုင်ငံဖြတ်ကျော် စက္ကူမဲ့ ကုန်သွယ်ရေးနယ်ပယ်တွင် ပထမဆုံးသော ဘက်ပေါင်းစုံစာချုပ်ဖြစ်ပြီး အာရှ-ပစိဖိတ်အဖွဲ့ဝင်များ၏ ကုန်ပစ္စည်းများကို တစ်ခု၏ဈေးကွက်သို့ တစ်ခုက ပိုမိုအဆင်ပြေစွာ ဝင်ရောက်စေနိုင်မည်ဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ၂၁ရက်နေ့ထုတ် သတင်းအရ သိရပါသည်။

ယင်းစာချုပ်ကို ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ် စီးပွားလူမှုရေးကော်မရှင်မှ ကမ်းလှမ်းချက်အရ ၂၀၁၅ခုနှစ် ဧပြီလတွင် စတင်စေ့စပ်ဆွေးနွေးခဲ့ပြီး ၂၀၁၆ခုနှစ် မေလတွင် ပြီးမြောက်ခဲ့ကြောင်း၊ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် အင်ဒိုနီးရှားစသော အာရှနှင့်ပစိဖိတ် စီးပွားလူမှုရေး ကော်မရှင်အဖွဲ့ဝင်၃၀တို့ ရှေ့ဆင့် နောက်ဆင့်ပါဝင်ကြကြောင်း၊ ယခုတွင် ယင်းစာချုပ်သည် တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလာဒေ့ရှ် စသော နိုင်ငံများ၌ ပြည်တွင်း စိစစ်အတည်ပြုခြင်း ပြီးမြောက်ပြီဖြစ်သည့်အတွက် ယင်းစာချုပ်သည် စတင် အာဏာတည်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။