邹立莹

တရုတ်နှင့် ဘယ်လာရုစ်တို့ ကိုဗစ်၁၉ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက် အားဖြည့် ပြုလုပ်

(GMT+08:00)2021-02-22 13:20:38  

ဘယ်လာရုစ်နိုင်ငံအား တရုတ်အစိုးရမှ ထောက်ပံ့ပေးအပ်သော ကိုဗစ်၁၉ ကပ်ရောဂါ ကာကွယ်ဆေးသည် ယခုလ ၁၉ရက်နေ့ ညနေပိုင်းတွင် မင့်စ်က်မြို့တော်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေနှင့် ဒုတိယအကြိမ် ကိုဗစ်၁၉ ကပ်ရောဂါ အခြေအနေ ရင်ဆိုင်နေရသော လက်ရှိ ခက်ခဲသည့် အခြေအနေမျိုးတွင် တရုတ်ပြည်၏ ကာကွယ်ဆေး ထောက်ပံ့ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ အကြား အေးအတူ ပူအမျှ ဖြစ်သည့် စစ်မှန်သော သံယောဇဉ်ကို ထပ်မံ ပြသနေကြောင်း China Media Groupက ဖော်ပြသည်။

ဘယ်လာရုစ် နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ရှဲ့ရှောင်ယုန့်က တရုတ်ပြည်သည် ဘယ်လာရုစ် နိုင်ငံနှင့် ကိုဗစ်၁၉ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုက် အားဖြည့် ပြုလုပ်ပြီး လက်လှမ်းမှီသလောက် ဘယ်လာရုစ် နိုင်ငံအား ကိုဗစ်၁၉ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့မှုများကို ဆက်လက်ပေးအပ်ကာ လူသားကျန်းမာရေး အသိုက်အဝန်း တည်ဆောက်ရေးကို လက်တွဲ တွန်းအားပေးလိုကြောင်း ပြောကြားသည်။