马宁

အာဖရိကသည် ကိုဗစ်၁၉ရောဂါနှင့် အီဘိုလာရောဂါ နှစ်မျိုးစလုံး၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်ဟု WHOဆို

(GMT+08:00)2021-02-19 13:24:46  

  ဒေသစံတော်ချိန် ယခုလ ၁၈ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အာဖရိက ဒေသရုံးခွဲသည် အာဖရိကတွင် ကိုဗစ်၁၉ရောဂါနှင့် အီဘိုလာရောဂါ နှစ်မျိုးစလုံး၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်ဟု ဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးနှင့် အီဘိုလာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်လျက် ရှိကြောင်း၊ နိုင်ငံအသီးသီးတို့သည် ကျန်းမာရေးအေဂျင်စီများမှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်ပြီး ယင်းရောဂါများကို ညှိနှိုင်းဖြေရှင်းမည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။