马宁

ဇင်ဘာဘွေတွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်း စတင်

(GMT+08:00)2021-02-19 13:24:14  

ဇင်ဘာဘွေတွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်း စတင်_fororder_1

  ဒေသစံတော်ချိန် ယခုလ ၁၈ရက်နေ့က ဇင်ဘာဘွေ ကျန်းမာရေးဌာနသည် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းကို စတင်ခဲ့ကြောင်း၊ တစ်ပြည်လုံးရှိ ရှေ့တန်းမှ ဆေးကုသမှု ဝန်ထမ်းများ၊ လေဆိပ်နှင့် ဂိတ်များတွင် အလုပ်လုပ်သူများသည် ပထမတစ်သုတ် ကာကွယ်ဆေးထိုးသူများအဖြစ် တရုတ် ကူညီထောက်ပံ့သော ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံမည်ဖြစ်ကြောင်း၊ ဇင်ဘာဘွေ ဒုတိယသမ္မတ၊ ကျန်းမာရေးဝန်ကြီး ချီဝင်ကာသည် ဇင်ဘာဘွေနိုင်ငံ၏ ပထမဆုံးသော ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုးသူ ဖြစ်ကာ တရုတ်ကာကွယ်ဆေး၏ လုံခြုံမှုနှင့် ထိရောက်မှုကို ချီးကျူး၍ ပြည်သူများ တက်တက်ကြွကြွ ထိုးနှံရန် တိုက်တွန်းကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ဇင်ဘာဘွေတွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်း စတင်_fororder_2