马宁

တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွင် မြန်မာစစ်ဘက်ကို ထောက်ခံကြောင်း စသည့် ကောလာဟလများ မြန်မာပြည်၌ ပျံ့နှံ့နေခြင်းနှင့်ပတ်သက်၍ တရုတ်ဘက်မှ ကြေညာချက်ကို တည်ကြည်လေးနက်စွာ ထုတ်ပြန်

(GMT+08:00)2021-02-19 11:20:25  

တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွင် မြန်မာစစ်ဘက်ကို ထောက်ခံကြောင်း စသည့် ကောလာဟလများ မြန်မာပြည်၌ ပျံ့နှံ့နေခြင်းနှင့်ပတ်သက်၍ တရုတ်ဘက်မှ ကြေညာချက်ကို တည်ကြည်လေးနက်စွာ ထုတ်ပြန်_fororder_华春莹

  ယခုတလော တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွင် မြန်မာစစ်ဘက်ကို ထောက်ခံကြောင်း စသည့် ကောလာဟလများ မြန်မာနိုင်ငံ၌ ပျံ့နှံ့နေသောကြောင့် မြန်မာပြည်သူများက တရုတ်ကုန်ပစ္စည်းများကို ဟန့်တားရန် ပြောဆိုခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က တရုတ်နိုင်ငံသည် ကြေညာချက်ကို တည်ကြည်လေးနက်ပြီး တာဝန်ရှိစွာဖြင့် ထုတ်ပြန်ကာ တရုတ်နိုင်ငံက နောက်ကွယ်မှ လုပ်ဆောင်ချက်ဆိုင်ရာ အင်တာနက်ပေါ်၌ ပြောဆိုချက်မှန်သမျှသည် ကောလာဟလများဖြစ်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးကို ကုန်းချော ရန်တိုက်ရန် ကြံစည်ခြင်းဖြစ်ကြောင်း ၁၈ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။

  တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ မြန်မာဘက် အသီးသီးတို့အနေနှင့် ပြည်သူများ၏အကျိုးစီးပွားကို အလေးထားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဥပဒေမူဘောင်အောက်တွင် သဘောကွဲလွဲမှုကို ဖြေရှင်းကာ နိုင်ငံရေးနှင့် လူမှုရေး တည်ငြိမ်မှုကို ပုံမှန်ပြန်ဖြစ်စေရန် မျှော်လင့်ကြောင်း၊ မြန်မာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်တို့သည် တရုတ်ဘက်နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ရှိကြပြီး ယခုလိုအခြေအနေဖြစ်ပေါ်လာခြင်းကို တရုတ်နိုင်ငံသည် လုံးဝ မမြင်တွေ့လိုကြောင်း ဟွာချွင်ယဉ်က ပြောကြားပါသည်။

  တရုတ်နိုင်ငံသည် လက်ရှိအခြေအနေကြောင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့် နိုင်ငံသားများအပေါ် ဂယက်ရိုက်ခတ်မှုကို တစ်ဆင့်တိုး သိရှိနားလည်နေကြောင်း၊ တရုတ် ကုမ္ပဏီများနှင့် နိုင်ငံသားများသည် ဒေသခံ ထူထောင်ရေးနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် အကျိုးပြုစွမ်းဆောင်ခဲ့ပြီး မြန်မာဘက်အနေနှင့် ၎င်းတို့၏ လုံခြုံရေးကို တစ်ဆင့်တိုး ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ဟွာချွင်ယဉ်က ပြောကြားပါသည်။