马宁

တရုတ်နိုင်ငံသည် Covid-19 ကပ်ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်

(GMT+08:00)2021-02-19 13:25:51  

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ms. Hua Chunying က တရုတ်နိုင်ငံအနေနှင့် Covid-19 ကပ်ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းမှာ Covid-19 ကပ်ရောဂါ ကာကွယ်ဆေးကို တစ်ကမ္ဘာလုံး အများပြည်သူသုံး ပစ္စည်းဖြစ်လာစေရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Covid-19 ကပ်ရောဂါ ကာကွယ်ဆေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး စသည့် နယ်ပယ်များတွင် ဘက်အသီးသီးတို့နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ပြီး လူသား ကျန်းမာရေးအသိုက်အဝန်း တည်ဆောက်ရန်၊ တစ်ကမ္ဘာလုံး Covid-19 ကပ်ရောဂါ တိုက်ဖျက်မှု နောက်ဆုံး အောင်နိုင်ရန်အတွက် တရုတ်နိုင်ငံက အကျိုးပြုစွမ်းဆောင်မှု ပြုလုပ်မည်ဖြစ်ကြောင်း ယခုလ ၁၈ရက်နေ့တွင် ပီကင်းမြို့၌ ပြောကြားခဲ့ပါသည်။

  ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ Covid-19 ကပ်ရောဂါ ကာကွယ်ဆေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကိုလည်း ယခုလ ၁၇ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က Covid-19 ကပ်ရောဂါ ကာကွယ်ဆေး တရားမျှတမှုသည် နိုင်ငံတကာအသိုက်အဝန်းအတွက် အကြီးမားဆုံးသော ကိုယ်ကျင့်တရား စမ်းသပ်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဂျီ-၂၀အုပ်စုသည် အရေးပေါ်အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ပြီး တစ်ကမ္ဘာလုံး Covid-19 ကပ်ရောဂါ ကာကွယ်ဆေး ထိုးနှံရေးစီမံကိန်းကို ပြင်ဆင် ထူထောင်ရန် အဆိုပြုခဲ့ပါသည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Yi သည်လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။