马宁
ရှက်ဖွယ်ကောင်းသည်ဟု ပြစ်တင်ချက်ခံရပြီးနောက် The New York Times သည် WHOပညာရှင်၏ အင်တာဗျူးကို အမေးနှင့် အဖြေ ပုံစံဖြင့် မကွယ်မ၀ှက် အရှိအတိုင်း ထုတ်ပြန်
(GMT+08:00)2021-02-18 09:34:20  
ရှက်ဖွယ်ကောင်းသည်ဟု ပြစ်တင်ချက်ခံရပြီးနောက် The New York Times သည် WHOပညာရှင်၏ အင်တာဗျူးကို အမေးနှင့် အဖြေ ပုံစံဖြင့် မကွယ်မ၀ှက် အရှိအတိုင်း ထုတ်ပြန်_fororder_世卫
  လွန်ခဲ့သည့် သီတင်းပတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် တရုတ်ပြည်တွင် ကိုဗစ်၁၉ ဗိုင်းရပ်စ် အရင်းအမြစ် လိုက်ရှာခြင်းနှင့် သုတေသနပြုခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာများသည် တရုတ်ပြည်မှ ပြသထားသော ပွင့်လင်းမှုကို ချီးကျူးခဲ့ ကြကြောင်း၊ ယင်းသည် ကိုဗစ်၁၉နှင့် ပတ်သက်၍ တရုတ်ပြည်၏ ဂုဏ်သိက္ခာကို ပျက်ယွင်းအောင် အနောက်နိုင်ငံများမှ မီဒီယာနှင့် နိုင်ငံရေး သမားအချို့၏ ပုတ်ခတ်ပြောဆိုချက်နှင့် လျှို့ဝှက်ကြံစည်မှု သီအိုရီ အပေါ် အားကောင်းစွာ ပြန်ချေပလိုက်ခြင်း ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရသည်။
  သို့သော် The New York Timesသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များကို အင်တာဗျူး လုပ်ပြီး သတင်းထုတ်ပြန်ရာတွင် “တရုတ်ပြည်က စုံစမ်းစစ်ဆေးမှုကို တားဆီးနှောင့်ယှက်ခြင်း”၊ “တရုတ်ပြည်က သက်ဆိုင်ရာ စာရင်းကို မျှဝေရန် ငြင်းပယ်ခြင်း”စသည့် သတင်းအတုများ လုပ်ခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များသည် ၄င်းကောလာဟလ သတင်းအပေါ် အသီးသီးချေပ ပြောဆိုခဲ့ကြောင်း၊ ပညာရှင်များအဖွဲ့ဝင် Peter Daszakက ယခုလ ၁၃ရက်နေ့က Twitterတွင် The New York Times၏ သတင်းထုတ်ပြန်ချက်သည် တစ်ပိုင်းတစ်စဖြတ်၍ အဓိပ္ပါယ်ကောက်ခြင်း ဖြစ်ပြီး ရှက်ဖွယ်ကောင်းသည်ဟု ဖော်ပြကြောင်း သိရသည်။
  သတင်းထုတ်ပြန်ချက်သစ်တွင် Peter Daszakက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များသည် တရုတ်ဘက်နှင့် ကောင်းမွန်သော ဆက်ဆံမှုကို ထားရှိခဲ့ကြောင်း၊ နှစ်ဖက်တို့ အကြား လေးနက်စွာ ဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်ဟု ရေးသားဖော်ပြသည်။