马宁

ကန်၌ ကလေး ၃သန်းကျော် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရ

(GMT+08:00)2021-02-18 14:08:35  

  အမေရိကန် ကလေးရောဂါ ပညာအကယ်ဒမီနှင့် ကလေးဆေးရုံများအသင်းတို့ ပူးတွဲ ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီးနောက် အမေရိကန်၌ ကလေး ၃သန်းကျော်သည် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

  Johns Hopkins တက္ကသိုလ်မှ ထုတ်ပြန်သောစာရင်းအရ အမေရိကန် အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၇ရက်နေ့ ညအထိ အမေရိကန်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ဦးရေ ၂၇သန်း ၈သိန်း ၁သောင်းကျော်ရှိပြီး သေဆုံးသူဦးရေ ၄သိန်း ၉သောင်းကျော် ရှိကြောင်း သိရပါသည်။