马宁

ကိုဗစ်၁၉ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး “တစ်ကမ္ဘာလုံးကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်”ကို ကုလအတွင်းရေးမှူးချုပ် အဆိုပြု

(GMT+08:00)2021-02-18 14:09:28  

  ယခုလ ၁၇ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကိုဗစ်၁၉ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး “တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်” တည်ထောင်ရေးကို ပြင်ဆင်ရန် အတွက် G20 ဦးဆောင်ပြီး အရေးပေါ် အထူး လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းရန် အဆိုပြုခဲ့သည် ဟု ဆင်ဟွာသတင်းအရသိရပါသည်။

  ဂူတာရက်စ်က ကာကွယ်ဆေး ဆိုင်ရာ တရားမျှတမှုသည် လက်ရှိ လူ့ဘောင်အဖွဲ့အစည်းများ ရင်ဆိုင်နေရသော အဆိုးရွားဆုံး ကိုယ်ကျင့်တရား စိန်ခေါ်မှု ဖြစ်ကြောင်း၊ ကမ္ဘာ့တစ်ဝန်းရှိ ဒေသမှန်သမျှမှ ပြည်သူအားလုံးကို ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံခွင့်ရရှိစေရန် အာမခံပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။