马宁

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ ဝမ်ယိ တက်ရောက်

(GMT+08:00)2021-02-18 14:10:01  

  ယခုလ ၁၇ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးဆိုင်ရာ ဝန်ကြီးများအဆင့် ဗီဒီယို အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ “ပြည်သူကို ဗဟိုပြု၍ တစ်ကမ္ဘာလုံး ကိုဗစ်၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကြ”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြား ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

  ဝမ်ယိက တရုတ်အနေနှင့် လက်တွေ့ဆောင်ရွက်ချက်များဖြင့် ကာကွယ်ဆေး တရားမျှတစွာ မျှဝေခြင်းကို တိုးမြှင့်နေကြောင်း၊ တရုတ်သည် ဘက်အသီးသီးတို့နှင့် လက်တွဲ၍ ကာကွယ်ဆေးနှင့် ရောဂါကာကွယ်တိုက်ဖျက်ရေး စသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အားဖြည့်ပြုလုပ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။