张晓宁

၁၅ ရက်နေ့တွင် တရုတ်ပြည်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆ ဦး အသစ်တွေ့ရှိ

(GMT+08:00)2021-02-16 16:49:58  

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ ၁၆ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၂၄နာရီအတွင်း တရုတ်ပြည် ၃၁ပြည်နယ်နှင့် ရှင်းကျန်း ဆောက်လုပ်ရေးတပ်ဖွဲ့စုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆ ဦးကို အသစ်တွေ့ရှိ ခဲ့ရကြောင်း၊ ၄င်းတို့အားလုံးသည် နိုင်ငံခြားမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိကြောင်း၊ ရောဂါကူးစက်မှုခံရသည်ဟု သံသယရှိသူ အသစ်တွေ့ရှိရခြင်း မရှိကြောင်း သိရသည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြပါသည်။