张晓宁

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း စီမံကိန်း ဒိုမီနီကန်နိုင်ငံမှ ကြေညာ

(GMT+08:00)2021-02-16 16:54:46  

ဒိုမီနီကန်နိုင်ငံအစိုးရသည် ယခုလ ၁၅ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း စီမံကိန်းကို ကြေညာခဲ့ပြီး၊ ယခုနှစ်အတွင်း တစ်ပြည်လုံးမှ အသက် ၁၈ နှစ် အရွယ်အထက်ရှိသော ပြည်သူလူထု ၇သန်း ၈သိန်းအား ကာကွယ်ဆေး ထိုးနှံပေးမည်ဟု ခန့်မှန်းရကြောင်း ဆင်ဟွာသတင်းဌာနက ဖေါ်ပြသည်။

ဒိုမီနီကန် သမ္မတ Abinader က  ဖေဖော်ဝါရီလ လကုန် မတိုင်မီတွင် ဒိုမီနီကန်သည် ပထမ အသုတ် ကာကွယ်ဆေး ရရှိနိုင်မည်ဖြစ်ကြောင်း ထိုနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။