张晓宁

တရုတ်မှ ကူညီထောက်ပံ့သော ကိုဗစ်၁၉ရောဂါကာကွယ်ဆေးသည် ဇင်ဘာဘွေးသို့ ရောက်ရှိ

(GMT+08:00)2021-02-16 16:49:05  

ဒေသစံတော်ချိန် ယခုလ ၁၅ရက်နေ့က တရုတ်အစိုးရမှ ထူညီထောက်ပံ့သော ကိုဗစ်၁၉ကပ်ရောဂါကာကွယ်ဆေးသည် ဇင်ဘာဘွေး နိုင်ငံသို့ရောက်ရှိခဲ့သည်။ ယင်းသည် ဇင်ဘာဘွေးနိုင်ငံလက်ခံရရှိသော ပထမတစ်သုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးဖြစ်ကြောင်း၊ လေဆိပ်သို့ ကြိုဆိုလာသော ဇင်ဘာဘွေးဒုသမ္မတချီဝင်ကာက ဇင်ဘာဘွေးသည် ကိုဗစ်၁၉ကပ်ရောဂါကာကွယ်တိုက်ဖျက်သော အရေးပေါ်အချိန်ကာလတွင် တရုတ်ကာကွယ်ဆေးများသည် မျှော်လင့်ချက် ဆောင်ကြဉ်းလာကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။