张晓宁

အီကွေတိုရီယယ်ဂီနီ သမ္မတ Obiangသည် တရုတ်ထုတ် ကိုဗစ်၁၉ ကာကွယ်ဆေးကို ထိုးနှံ

(GMT+08:00)2021-02-16 16:49:32  

    အီကွေတိုရီယယ်ဂီနီ နိုင်ငံ သမ္မတ Obiangသည် ယခုလ ၁၅ရက်နေ့က မာလာဘိုမြို့တော်တွင် တရုတ်ထုတ် ကိုဗစ်၁၉ ကာကွယ်ဆေးကို ထိုးနှံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

သမ္မတ Obiangက အီကွေတိုရီယယ်ဂီနီ နိုင်ငံသည် တစ်ပြည်လုံး ပြည်သူများအား ကာကွယ်ဆေးကို အမြန်ဆုံး ထိုးနှံရန် ဆောင်ရွက်ချက်ကို ပြုလုပ်နေကြောင်း ပြောကြားသည်။

တရုတ် အစိုးရမှ အီကွေတိုရီယယ်ဂီနီ နိုင်ငံအား လှူဒါန်းသည့် ကိုဗစ်၁၉ ကာကွယ်ဆေး အသုတ် တစ်သုတ်သည် ယခုလ ၁၀ရက်နေ့က မာလာဘိုမြို့တော်သို့ ပို့ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။