马宁

တရုတ်ပြည်မှ ထောက်ပံ့ကူညီသော ပထမအသုတ် ကာကွယ်ဆေး ပါကစ္စတန်သို့ ရောက်ရှိ

(GMT+08:00)2021-02-02 13:09:48  

တရုတ်ပြည်မှ ထောက်ပံ့ကူညီသော ပထမအသုတ် ကာကွယ်ဆေး ပါကစ္စတန်သို့ ရောက်ရှိ_fororder_bjst2.JPG

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ၀မ်ဝင်ပင်က ၁ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် တရုတ်အစိုးရမှ လှူဒါန်းသော ကိုဗစ်-၁၉  ကာကွယ်ဆေးသည် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ္မာဘတ်သို့ ရောက်ရှိပြီ ဖြစ်ပြီး ယင်းသည် တရုတ်အစိုးရမှ နိုင်ငံခြားသို့ ထောက်ပံ့ကူညီသော ပထမတစ်သုတ် ကာကွယ်ဆေး ဖြစ်ကြောင်း၊ ပါကစ္စတန် အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၃နိုင်ငံကိုလည်း ကာကွယ်ဆေး ထောက်ပံ့ကူညီပေးနေပြီး ဆက်လက်ပြီး ကာကွယ်ဆေး လိုအပ်သော ဖွံ့ဖြိုးဆဲနိုင်ငံ ၃၈ နိုင်ငံအားလည်း ကာကွယ်ဆေး ထောက်ပံ့ကူညီပေးမည် ဖြစ်ကြောင်း ၁ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။