洪荃诠

ရှီကျင့်ဖိန်က ဗီဒီယို အသွင်ပုံစံနဲ့ ကမ္ဘာ့စီးပွါးရေးဖိုရမ် ဒါဗို့စ် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2021-01-26 12:58:04  

 

ရှီကျင့်ဖိန်က ဗီဒီယို အသွင်ပုံစံနဲ့ ကမ္ဘာ့စီးပွါးရေးဖိုရမ် ဒါဗို့စ် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား_fororder_xi11

   တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဒီလ ၂၅ ရက်နေ့ည ပီကင်းမှာ ဗီဒီယို အသွင်ပုံစံနဲ့ ကမ္ဘာ့စီးပွါးရေးဖိုရမ် ဒါဗို့စ် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။
   ရှီကျင့်ဖိန်က အခု ကူးစက်ရောဂါ မပြီးသေးဘူး၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ဆက်လက် ပြုလုပ်နေတယ်။ ဒါပေမယ့် ဆောင်းရာသီဟာ နွေဦးရဲ့ ခြေလှမ်းကို တားမြစ်နိုင်မှာ မဟုတ်ဘူး၊ မှောင်မိုက်သောညဟာ လင်းရောင်ခြည်ကို ဖုံးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ လူသားဟာ ကူးစက်ရောဂါကို အောင်မြင်စွာ တိုက်ဖျက်နိုင်ပါမယ်လို့ ပြောကြားပါတယ်။
   ရှီကျင့်ဖိန်က ကမ္ဘာပေါ်မှာ လုံးဝတူတဲ့ သစ်ရွက် နှစ်ရွက် မရှိသလို လုံးဝတူတဲ့ သမိုင်း ယဉ်ကျေးမှုနဲ့ လူမှုရေးစနစ်လည်း မရှိဘူး။  နိုင်ငံအသီးသီးတို့ရဲ့ သမိုင်း ယဉ်ကျေးမှုနဲ့ လူမှုရေးစနစ်ဟာ ကိုယ့်အားသာချက်ကိုယ်စီ ရှိပြီး၊ မြင့်တာ နိမ့်တာ၊ ကောင်းတာ ညံ့တာ ဆိုတာ မရှိဘဲ သော့ချက်ကတော့ ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီခြင်း ရှိမရှိ၊ ပြည်သူများရဲ့ ထောက်ခံမှု ရရှိနိုင်မနိုင်၊ နိုင်ငံရေး တည်ငြိမ်မှု၊ လူမှုရေး တိုးတက်မှု၊ ပြည်သူလူထုများရဲ့ နေထိုင်မှုဘဝ တိုးတက်မှု၊ လူသား ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အကျိုး ပြုမှု ရှိမရှိ ဆိုတာပဲ ရှိတယ်လို့ ပြောကြားပါတယ်။ 
    ရှီကျင့်ဖိန်က၊ နိုင်ငံအသီးသီးတို့ရဲ့ သမိုင်း ယဉ်ကျေးမှုနဲ့ လူမှုရေးစနစ်ဆိုင်ရာ ကွာဟမှုဟာ ရှေးပဝေသဏီကတည်းက တည်ရှိပြီ ဖြစ်ပြီး လူသား ယဉ်ကျေးမှုရဲ့ အနက် သဘော ဖြစ်တယ်။ မျိုးစုံတည်ရှိခြင်း မရှိရင် လူသား ယဉ်ကျေးမှု ရှိနိုင်မှာ မဟုတ်ဘူး။ မျိုးစုံတည်ရှိခြင်းဟာ ပကတိအခြေအနေ ဖြစ်ပြီး ရေရှည် တည်ရှိသွားမယ်လို့ ပြောကြားပါတယ်။ 
   ရှီကျင့်ဖိန်က ကွာဟမှုဟာ ကြောက်စရာ မဟုတ်ဘဲ ကြောက်စရာ ကောင်းတာက ဘဝင်မြင့်တာ၊ တစ်ဖက်သတ်တယူသန်အမြင်ရှိတာနဲ့ ရန်ငြိုးထားတာ ဖြစ်တယ်၊ ကြောက်စရာ ကောင်းတာက လူသားယဉ်ကျေးမှုကို အဆင့်မြင့် အဆင့်နိမ့် အဖြစ် ခွဲထားတာနဲ့ ကိုယ့်နိုင်ငံရဲ့ သမိုင်းယဉ်ကျေးမှုနဲ့ လူမှုရေးစနစ်ကို သူများကို အတင်းအဓမ္မ လက်ခံစေတာတို့ ဖြစ်တယ်။ နိုင်ငံအသီးသီးတို့ အနေနဲ့ အပြန်အလှန် လေးစားခြင်းနဲ့ တူညီမှုများ ရှာကြံပြီး သဘောကွဲလွဲမှုများ ဖယ်ရှားခြင်း ဖြစ်တဲ့ အခြေခံပေါ်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ကာ နိုင်ငံအချင်းချင်း ကူးလူးဖလှယ်မှုကို တိုးမြှင့်၍ လူသား ယဉ်ကျေးမှု ဖွံ့ဖြိုးရေးကို တွန်းအားပေးရမယ်လို့ ပြောကြားပါတယ်။ 
   ရှီကျင့်ဖိန်က နိုင်ငံတကာမိသားစုကြီးရဲ့ရေးရာများကို နိုင်ငံအသီးသီးတို့ အတူ ရရှိတဲ့ လုပ်ထုံးလုပ်နည်းနဲ့ သဘောတူညီမှုအရ စီမံခန့်ခွဲရမှာ ဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် နိုင်ငံ သုံးလေးငါးနိုင်ငံတို့ စုပေါင်း အမိန့်ချလို့ မရဘူးလို့ ပြောကြားပါတယ်။ 
   ရှီကျင့်ဖိန်က လူသားတစ်ရပ်လုံးအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်ရင် တရုတ်နိုင်ငံက မငြင်းပယ်ဘဲ သွားလုပ်သင့်တယ်။ ဒါ့အပြင် ကောင်းအောင်လည်း လုပ်ရမယ်။ တရုတ်နိုင်ငံဟာ နိုင်ငံစုံဝါဒကို လက်တွေ့ကျကျ ဖေါ်ဆောင်ပြီး မိမိတို့ရဲ့ ဘုံရပ်ရွာကို ထိန်းသိမ်းကာကွယ်ဖို့၊ လူသားများ ဆက်တိုက် ဖွံ့ဖြိုးရေး ဖေါ်ဆောင်ဖို့အတွက် အကျိုးပြုနေတယ်လို့ ပြောကြားပါတယ်။