邹立莹

ထိုင်းနိုင်ငံသည် ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့် စီးပွါးရေး ထိန်းသိမ်းမှုကို တစ်ပြိုင်နက် ဆောင်ရွက်နေ

(GMT+08:00)2021-01-25 13:12:52  

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ လကုန်ပိုင်းက ထိုင်းနိုင်ငံတွင် ဒုတိယလှိုင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှု ဖြစ်ပွါးခဲ့သဖြင့် တစ်လအတွင်း ထိုင်းနိုင်ငံ စီးပွါးရေး နစ်နာဆုံးရှုံးမှု ထိုင်းဘတ်ငွေ ၄၅ ဘီလီယံ ဖြစ်စေနိုင်မည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားပါသည်။

ထိုင်းအစိုးရသည် အရင်တုန်းကလို တစ်ပြည်လုံး၌ ပိတ်ဆို့မှု ပြုလုပ်ခြင်း မဟုတ်ဘဲ ကူးစက်မှု အခြေအနေအရ အဆင့်ခွဲပြီး ထိန်းချုပ်ကာကွယ်နေပါသည်။ ကျွမ်းကျင်ပညာရှင်များက ထိုင်းအစိုးရသည် ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့် စီးပွါးရေး ထိန်းသိမ်းမှုကို တစ်ပြိုင်နက် ဆောင်ရွက်နေသည်ဟု သုံးသပ် ဖေါ်ပြကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။