邹立莹

အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြားရေနံတင်သင်္ဘောနှစ်စင်းကို ဖမ်းဆီး

(GMT+08:00)2021-01-25 13:15:38  

အင်ဒိုနီးရှားရေကြောင်းလုံခြုံရေးဦးစီးဌါနမှ ၂၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် အင်ဒိုနီးရှားရေကြောင်းကင်းလှည့်သင်္ဘောသည် နိုင်ငံခြားရေနံတင် သင်္ဘော ၂ စင်းကို အနောက်ကာလီမာထန်းပြည်နယ် အနီးနားရှိ ပင်လယ်နေရာတွင် ဖမ်းဆီးခဲ့သည်ဟု ဖေါ်ပြပါသည်။

ဖမ်းဆီးထားသော ရေနံတင်သင်္ဘောနှစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံဥပဒေကို ချိုးဖောက်သည်ဟု သံသယရှိကြောင်း ဖေါ်ပြပါသည်။

ကြေညာချက်တွင် အဖမ်းခံခဲ့ရသော ရေနံတင်သင်္ဘောနှစ်စင်းကို Riau ကျွန်းစုပြည်နယ်ရှိ Batam ကျွန်းသို့ ပို့ဆောင်ပြီး ဆက်လက် စုံစမ်းစစ်ဆေးမည်ဟုလည်း ဖေါ်ပြပါသည်။