朱蕾

ဆင်းရဲချမ်းသာကွာဟမှုသည် အမေရိကန်၏ ကုသရန်ခက်သော နာတာရှည် ရောဂါဖြစ်လာပြီ

(GMT+08:00)2021-01-20 14:12:20  

  အမေရိကန် အမျိုးသားလေဘာဌာနမှ နောက်ဆုံးထုတ် စာရင်းအရ ဇန်နဝါရီလ ၉ရက်နေ့အထိ ယခုနှစ် ပထမသီတင်းပတ်တွင် အမေရိကန်၌ အလုပ်လက်မဲ့ ထောက်ပံ့ကြေးကို ပထမဆုံးအကြိမ် လျှောက်ထားသူဦးရေမှာ ၉သိန်း၆သောင်း၅ထောင်ရှိပြီး ယမန်နှစ် သြဂုတ်လမှစ၍ အများဆုံး ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယမန်နှစ် အောက်တိုဘာလ ဒုတိယ ၁၀ရက်ပိုင်းအထိ အမေရိကန် သူဌေးများ၏ စုစုပေါင်း ဥစ္စာဓနပမာဏမှာ ကန်ဒေါ်လာဘီလီယံ ၃၈၈၀ရှိပြီး ယမန်နှစ် မတ်လကထက် ကန်ဒေါ်လာ ၉၃၁ဘီလီယံ တိုးလာကြောင်း အမေရိကန် မီဒီယာက ဖော်ပြသည်။

  ကိုဗစ်၁၉ ကပ်ရောဂါသည် အမေရိကန်၏ ဆင်းရဲချမ်းသာကွာဟမှုကို ပိုမိုရှင်းလင်း ပြတ်သားစွာ ပေါ်လွင်လာစေခဲ့ကြောင်း၊  စတော့ရှယ်ယာဈေးကွက် မြင့်တက်လာခြင်းကြောင့် သူဌေးများ၏ ဓနဥစ္စာ ပမာဏ ဆက်တိုက် တိုးပွားလာကြောင်း၊ သို့သော် ပိုမိုများပြားသည့် ဆင်းရဲသူများ၏ အခြေခံ နေထိုင် စားသောက်မှုတွင် အခက်အခဲများစွာရှိကြောင်း၊ အမေရိကန်၏ လူ့ဘောင်အဖွဲ့အစည်း ဆင်းရဲချမ်းသာ ကွဲပြားမှုသည် အရှိန်မြင့်လာကြောင်း China Media Groupကဖော်ပြသည်။

  ဗြိတိန် ပညာရှင်များက အမေရိကန်တွင် ဆင်းရဲချမ်းသာကွာဟမှု အရှိန်မြင့်စေလာသည့် အကြောင်းရင်းမှာ အမေရိကန် အစိုးရမှ လစ်ဘရယ် မူဝါဒစနစ်သစ်ကို ကျင့်သုံးခြင်းကြောင့် ဖြစ်ကြောင်း၊ ၄င်းမူဝါဒစနစ်သည် သူဌေးများ၏ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်ထားခြင်းကြောင့် ဖြစ်သည်။

  တစ်နေ့တခြားအရှိန်မြင့်လာသည့်ငွေကြေး နိုင်ငံရေးကြောင့် အမေရိကန် အစိုးရသည် သူဌေးများကို ကိုယ်စားပြုသူဖြစ်လာကြောင်း၊ ဆင်းရဲချမ်းသာကွာဟမှုသည် အမေရိကန်၏ ကုသရန် ခက်သောနာတာရှည် ရောဂါဖြစ်နေပြီ ဖြစ်ကြောင်းChina Media Group ကဖော်ပြသည်။