朱蕾

လူမျိုးရေး ခွဲခြားမှုသည် အမေရိကန် လူ့ဘောင်အဖွဲ့အစည်း တကွဲတပြားဖြစ်မှုကို အရှိန်မြှင့်စေ

(GMT+08:00)2021-01-20 14:13:13  

  မကြာခင်က အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော် အဆောက်အအုံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယခုအကြိမ် ဆန္ဒပြမှုနှင့် အကြမ်းဖက်မှုတွင် ပါဝင်သူများသည် အဓိက အားဖြင့် လူဖြူလူမျိုးများ ဖြစ်ကြကြောင်း၊ ရဲအချို့သည် ဆန္ဒပြသူများအား လွှတ်တော် အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုခဲ့ကြောင်း၊ အချို့သည် ဆန္ဒပြသူများနှင့်အတူ selfie ဓါတ်ပုံများကို ရိုက်ကြကြောင်း၊ လွန်ခဲ့သည့်နှစ် ဇွန်လက အမေရိကန်တွင် ကျင်းပခဲ့သော လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင်မူ ရဲဘက်သည် ဆန္ဒပြသူများကို အကြမ်းဖက်မှုများဖြင့် ဖိနှိပ်ခဲ့ကြောင်း၊ ယင်းသည် ဆန္ဒပြပွဲ ၂ခုတွင် ဆန္ဒပြသူများကို ရဲဘက်၏ သဘောထားဆိုင်ရာ ထင်ရှားသည့် မတူခြားနားချက် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

  လူဖြူလူမျိုးနှင့် အာဖရိက နွယ်ဖွား ပြည်သူများကို အမေရိကန်ရဲဘက်သည်သဘောထားခြင်း ဆိုင်ရာ ခွဲခြားမှု၏ အကြောင်းရင်းမှာ အမေရိကန်တွင် ကာလရှည်ကြာစွာ တည်ရှိသော လူမျိုးရေး ခွဲခြားမှုနှင့် လူဖြူမျိုးသာလွန်မှု (white supremacy)ရှိခြင်းကြောင့် ဖြစ်ကြောင်း CNNက ဖော်ပြသည်။

  အမေရိကန်၏ သမိုင်းကိုပြန်လည်သုံးသပ်ရာတွင် အင်ဒီယန် လူမျိုးကို သတ်ဖြတ်မှုနှင့် ကျွန်ပြုရေး အတွက် အာဖရိကတိုက်မှ အာဖရိကလူမျိုးကို လူကုန်ကူးမှု အပါအဝင် လူမျိုးရေး ခွဲခြားမှု အမျိုးမျိုးကို သိရှိနိုင်သည်။ ယခုအထိ အမေရိကန်တွင် လူနည်းစုများသည် ရှိသင့်သည့် အဆင့်နေရာကို မရရှိသေးကြောင်း၊ လူမျိုးရေး ခွဲခြားမှု ပြဿနာကို တရားဥပဒေ ကျင့်သုံးမှု ဆိုင်ရာ တရားမျှတမှု မရှိခြင်း၊ ဆင်းရဲချမ်းသာ ကွာဟမှုနှင့် ဆေးဝါးကုသမှုဆိုင်ရာ မတူခြားနားမှုများဖြင့် ပြသခြင်း ဖြစ်ကြောင်း၊ ထို့အပြင် လူနည်းစုများသည် အလုပ်အကိုင် နေရာချထားရေး၊ လုပ်ခနှင့် ငွေထုတ်ချေးခြင်း စသည့် နယ်ပယ်များတွင်လည်း အထင်သေးခွဲခြားမှုကို ခံရခြင်းဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

  အမှန်တကယ်တော့ “ပြည်သူ့အခွင့်အရေးဥပဒေ”နှင့် “ရွေးချယ်တင်မြှောက်ရေး အခွင့်အရေး ဥပဒေ” အပါအဝင် အမေရိကန် လူနည်းစုများ၏ အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ပေးသည့် ဥပဒေ များစွာ ရှိကြောင်း၊ သို့သော် အမေရိကန်၏ အာဏာကျင့်သုံးသူများ အနေနှင့် လူမျိုးရေး ခွဲခြားမှု နောက်ကွယ်တွင် တည်ရှိသော သမိုင်းအကြောင်းရင်း၊ စီးပွားလူမှုရေး တန်တူညီမျှမှု မရှိခြင်းနှင့် နိုင်ငံရေး ဖွဲ့စည်းပုံစသည့် ပြဿနာများကို ပြန်လည် စဉ်းစားရန် ငြင်းပယ်ပါက ၄င်းပြဿနာသည် အမေရိကန် လူဘောင်အဖွဲ့အစည်းကို ထာဝစဉ် အနှောင့်အယှက်ပေးမည့် ပြဿနာ ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။