朱蕾

၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်“Belt and Road” ပြည်ပ လုပ်ငန်း အစီအစဉ် ၆၀၀ ကျော် အောင်မြင်စွာ ပြီးဆုံး

(GMT+08:00)2021-01-20 14:17:37  

  ၂၀၂၀ပြည့်နှစ်တွင် တရုတ်ပြည် အစိုးရပိုင် ကုမ္ပဏီများသည် အသားတင်အမြတ် ၁၄၀၀ဘီလီယံကိုရရှိခဲ့ပြီး ၂၀၁၉ခုနှစ်ကထက်၂.၁ရာခိုင်နှုန်းဖြင့် တိုးတက်လာကြောင်း၊ ၈၀ရာခိုင်နှုန်း နီးပါး ဖြစ်သော အစိုးရပိုင် ကုမ္ပဏီများအတွက် အသားတင်အမြတ်သည် ၂၀၁၉ခုနှစ် ကထက် တိုးတက်မှုကိုရရှိခဲ့ကြောင်း ယခုလ၁၉ရက်နေ့က တရုတ်နိုင်ငံတော် ကောင်စီ၊ နိုင်ငံတော်ပိုင်ပစ္စည်းဥစ္စာကြီးကြပ်ရေးနှင့် စီမံအုပ်ချုပ်ရေးကော်မရှင်မှ ထုတ်ဖော်ခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ကာလအတွင်း အစိုးရပိုင်ကုမ္ပဏီများ၏ ပြည်ပလုပ်ငန်းအစီအစဉ်များ အထူးသဖြင့်“Belt and Road” အဓိက လုပ်ငန်းအစီအစဉ်များသည် ပုံမှန်အတိုင်း ဆောင်ရွက် လုပ်ကိုင် နိုင်ပြီး စီမံကိန်းတစ်ခုမှ ရပ်တန့်မှုမရှိခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်ဟု China Media Group မှသတင်း အရ သိရပါသည်။