朱蕾

တရုတ်စစ်အင်အား ဖွံ့ဖြိုးတိုးတက်မှုရေးရာများတွင် ကန် ဝင်ရောက်စွက်ဖက်ခြင်း တရုတ် ကန့်ကွက်

(GMT+08:00)2021-01-20 14:18:08  

  မကြာခင်က အမေရိကန်အရာရှိတစ်ဦးသည် တရုတ်ပြည်၏ ဒုံးကျည်စမ်းသပ် ပစ်ခတ်ရေးကို ပြစ်တင်စွပ်စွဲခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူဟွာ့ချွင်ယဉ်က အမေရိကန်နိုင်ငံရေးသမားအချို့သည် တရုတ်ပြည်၏ စစ်အင်အားဖွံ့ဖြိုးတိုးတက်မှုရေးရာများအပေါ် ကြိမ်ဖန်များစွာ ဝင်ရောက် စွက်ဖက်ကြောင်း၊ ယင်းကို တရုတ်ပြည်က ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ယမန်နေ့ ၁၉ ရက်နေ့က ပီကင်းတွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။