朱蕾

အမေရိကန်၏ မသင့်လျော်သော နိုင်ငံတော်လုံခြုံရေးသဘောတရားကို ဆန့်ကျင်သည်ဟု တရုတ်ဆို

(GMT+08:00)2021-01-20 14:22:20  

  အမေရိကန်သမ္မတထရမ့်သည် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီး အမေရိကန် နိုင်ငံသည် တရုတ်နိုင်ငံမှ drone များ၏ ခြိမ်းခြောက်မှုကို တစ်ဆင့်တိုးအကဲဖြတ်ရမည်ဟု မှာကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ဇန်နဝါရီလ၁၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌါနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က အမေရိကန်နိုင်ငံ၏ မသင့်လျော်ဘဲ အသုံးပြုသော နိုင်ငံတော် လုံခြုံရေးသဘောတရားသည် တရုတ်နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီများကို မဟုတ်မမှန်ပုတ်ခတ်ပြောဆိုခြင်းနှင့် ဖိနှိပ်ခြင်းကို ပြသနေပါကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံသည် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။