马宁

တိုကျိုအိုလံပစ်အားကစားပွဲတော် ရွှေ့ဆိုင်းခြင်းမရှိကြောင်း ဂျပန်အစိုးရပြော

(GMT+08:00)2021-01-18 13:14:24  

  ဂျပန်အလွှာပေါင်းစုံတို့က တိုကျိုအိုလံပစ်အားကစားပွဲတော် ကျင်းပရေးအတွက် အားသွန်ခွန်စိုက် ပြင်ဆင်လျက်ရှိနေသည်ဟု ဂျပန်ပြည်ထဲရေးဝန်ကြီး၊ အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ကာတိုကာစူနိုဘူက ယမန်နေ့ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ယင်းသည် တိုကျိုအိုလံပစ်အားကစားပွဲတော် မကျင်းပနိုင်တော့ခြင်းဆိုသည်ကို ငြင်းဆိုသည်ဟု အဓိပ္ပာယ်သက်ရောက်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  ကာတိုကာစူနိုဘူက ကျွန်တော်တို့သည် တိုကျိုအိုလံပစ်အားကစားပွဲတော်၏ ကျင်းပရေးနေရာများနှင့် အသေးစိတ်ဇယားများကို သတ်မှတ်ထားပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအပါအဝင် အိုလံပစ်ပွဲတော် ကျင်းပရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ခံများက ကြိုးပမ်း ဆောင်ရွက် နေကြကြောင်း ပြောကြားခဲ့သည်။